တစ်ဘဝသံသရာဖြစ်စဉ်အကျဉ်း
၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်းလျာ သူငယ်ကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သရိုင်ရွာ၊ ဦးဇောတိ - ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (၁၉၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။
၂။ ၁၂၆၆ ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေပြုတော်မူသည်။
၃။ ၁၂၇၅ ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေပြုတော်မူသည်။
၄။ ၁၂၇၉ ခုနှစ်၊ သက်တော် ၁၈ နှစ်အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။
၅။ ၁၂၈၀ ပြည့်နှစ်၊ တပေါင်းလပြည့်နေ့၌ ပထမအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
၆။ ၁၂၈၁ ခုနှစ်၊ နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်၊ ၁၂၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
၇။ ၁၂၈၇ ခုနှစ်၌ "ပထမကျော်" အောင်မြင်တော်မူသည်။
၈။ ၁၂၈၉ ခုနှစ်၌ "သက်သီဟစာမေးပွဲခေါ် ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ" ဘွဲ့ရရှိ အောင်မြင်တော်မူသည်။
၉။ ၁၃၀၃ ခုနှစ်၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်။
၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ (ရှေးဦးစွာ) ဘွဲ့တံဆိပ်တော်ကို ခံယူရရှိသည်။
၁၁။ ယင်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် "မူလတန်း ဗုဒ္ဓဘာသာလက်စွဲ" ခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။
၁၂။ ၁၃၁၅ ခုနှစ်၌ -
က။ ဆဋ္ဌသံဂီတိ ဩဝါဒါစရိယသံဃနာယက၊
ခ။ ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက၊
ဂ။ ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက၊
ဃ။ ဆဋ္ဌသံဂီတိ ဩသာနသောဓေယျ ပတ္တပဌက - အဖြစ် တင်မြှောက်တော်မူခြင်းကို ခံယူရရှိသည်။
၁၃။ ၁၃၃၇ ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးတွင် ရွှေကျင်ဂိုဏ်း၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူသည်။
No comments:
Post a Comment