Thursday, December 17, 2015
အမရပူရမြို့ ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကျေးဇူးတော်ရှင်ဘာသာဋီကာကျမ်းပြုအကျော်မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏တစ်ဘဝသံသရာဖြစ်စဉ်အကျဉ်း
တစ်ဘဝသံသရာဖြစ်စဉ်အကျဉ်း
၁။ အရှင်ဇနကာဘိဝံ ဆရာတော်လေင်းလျာ သူငယ်ကိုစစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၊သရိုင်ရွာ၊ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက်(၁၉၀၀ ပြည့် ဖေဖော်ဝါရီလ ၂၇ ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။
၂။ ၁၂၆၆ ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေပြုတော်မူသည်။
၃။ ၁၂၇၅ ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေပြုတော်မူသည်
၎။၁၂၇၉ ခုနှစ် သက်တော် ၁၈ နှစ်အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်တော်မူသည်။
၅။ ၁၂၈၀ပြည့်နှစ် တပေါင်းလပြည့်နေ့၌ ပထမအကြိမ် ရဟန်းအဖြစ်ခံယူတော်မူသည်။
၆။ ၁၂၈၁ ခုနှစ်၊နယုန်လပြည့်နေ့၌ ဒုတိအကြိမ် ၊ ၁၂၈၁ခုနှစ်၊ တပေါင်းလပြည့်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
၇။ ၁၂၈၇ခုနှစ်၌ "ပထမကျော်"အောင်မြင်တော်မူသည်။
၈။၁၂၈၉ ခုနှစ်၌ "သကျသီဟစာမေးပွဲခေါ် ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ" ဘွဲ့ရရှိ အောင်မြသ်တော်မူသည်။
၉။ ၁၃၀၃ ခုနှစ်၊ ဝါဆိုဦး (၁၉၄၁-၄၂ ) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက် ရှိ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်။
၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂ခုနှစ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ (ရှေးဦးစွာ) ဘွဲ့တံဆိပ်တော်ကို ခံယူရသည်။
၁၁။ ငှင်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်ဆွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။
၁၂။ ၁၃၁၅ခုနှစ်၌
က။ ဆဋ္ဌသံဂီတိ သြဝါဒါစရိယသံဃနာယက၊
ခ။ ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက၊
ဂ။ ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက၊
ဃ။ ဆဋ္ဌသံဂီတိ သြသာနသောဓေယျ ပတ္တပဌက- အဖြစ် တင်မြှောက်တော်မူခြင်းကိုခံယူရသည်။
၁၃။ ၁၃၃၇ ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီး ရွှေကျင်ဂိုဏ်း၏ ဥပဥက္ကဋ္ဌ (ဒုတယသာသနာပိုင် ) အဖြစ် တင်မြှေက်ခြင်းကို ခံယူတော်မူသည်။
၁၄။ ၁၂၉၁ခုနှစ် ၊ သက်တော် ၃၀ မှစ၍ ကျမ်းစာများကို စတင်၍ ပြုစုတော်မူခဲ့ရာ ၁၂၉၃- ခုနှစ်တွင် ပထမဦဆုံးကျမ်းစာကို ရေသားပြီးစီးတော်မူ၍ ၁၃၃၈ ခုနှစ်၊ တန်ဆောင်းမုန်းလတွင် "နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓ" ကျမ်းစာကို ရေးသားပြီး "တစ်ဘဝသံသရာ" အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တိုင်ရေးသားတော်မူသည်။ ပဉ္စပကရဏ ဘာသာဋီကာနှင့် မူလဋီကာနိဿ၊ ပါဠိတော်နိဿယများကို ၁၃၃၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်( ၁၈-၁၁-၇၄ )တနင်းလာနေ့ ၁နာရီအချိန် စ တင်ပို့ချရေးသား၍ ၁၃၃၉ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်နေ့မှာ ပြီဆုံးခဲ့ပါသည်။ သုတ်မဟာဘာသာဋီကာကို ၁၃၃၇ ခု ဝါဆိုလပြည့်ကျော် ၂ ရက်၊ကြာသပတေးနေ့ ( ၂၄-၇-၇၅ ) ၌ စတင်ပို့ချရေးသား၍ ၁၃၃၉ ခု နတ်တော်လဆန်း ၁၃ ရက်( ၂၃-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ ၅ရက် အလိုတွင် ပြီးစီးတော်မူခဲ့ပါသည်။ ပါထေယျဘာသာဋီကာကို တစ်ရက်မျှ ရေသားပို့ချခဲ့ပါသေးသည်။
၁၅။ဆရာတော်အရှင်ဇနကာဘိဝံသသည် သရိုင်ရွာ ပင်းကျောင်းဆရာတရာတော်၊ မြောင်းမြဆရာတော် ၊ စစ်ကိုင်း ပထမ ဂန္ဓာရုံဆရာတော် ၊ ဒုတိယ မဟာဂန္ဓာရုံ ချမ်းအေးဆရာတော်၊ ပခုက္ကူမဟာဝိသုတာရာမ အလယ်တိုက်ဆရာတော် ဥူးပညာ ၊ဆရာတော်သုန်၊ဥုးနန္ဒဝံသ၊ အဘယာရာမဆရာတော်တို့ထံတွင်ပရိယတ္တိစာပေတို့ကို သင်ယူခဲ့ပါသည်။
၁၆။ ၁၃၃၉ ခုနှစ်၊ သက်တော် ၇၈ နှစ် အရောက် နတ်တော်လပြည့်ကျော် ၂ ရက် ( ၁၉၇၇-ခုနှစ်၊ဒီဇင်ဘာလ ၂၇ ရက်) အင်္ဂါနေ့၊ ညနေ ၄နာရီ မိနစ် ၃၀ တွင် တစ်ဘဝအတွက် ငြိမ်းတော်မူပါသည်။
xxxxxxxxxxxxxxxxxxxx
အင်္ဂလိပ်ဘာသာ ထေရုပ္ပတ္တိအကျဉ်း click here
Subscribe to:
Post Comments (Atom)
No comments:
Post a Comment