အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
၁၂၆၁ - ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄) ရက် (၁၉-- ပြည့်နှစ်၊ ဖေဖော်ဝါရီလ - ၂၇ ရက်) အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သရိုင်ရွာ၌ အဖ-ဦးဇောတိ၊ အမိ-ဒေါ်အုန်းလှိုင်တို့က မွေးဖွားခဲ့သည်။ ငယ်မည်မှာ မောင်ဌေးလွင် ဖြစ်သည်။
ကိုယ်ရေးဖြစ်စဉ်
"ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့ ငါပါ အသက်ဆုံးစေမည်၊
နောင်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်"
ဟူသော အဓိဋ္ဌာန်နှင့်အညီ ပျံလွန်တော်မူခါနီး အချိန်အထိ သာသနာ့တော်အကျိုးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားသော အမရပူရ တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ရှင်ဇနကာဘိဝံသသည် မောင်နှမ လေးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။
၁၂၆၆ ခုနှစ်တွင် ပထမအကြိမ်နှင့် ၁၂၇၅ ခုနှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေပြုသည်။ ရှစ်နှစ်သားအရွယ်တွင် သဒ္ဒါကြီး ရှစ်စောင် သင်ကြားတော်မူပြီး၊ ၁၂ နှစ်သားအရွယ်တွင် အခြေခံကျမ်းစာကို တတ်ကျွမ်းတော်မူသည်။ ၁၅ နှစ်သားအရွယ်တွင် ပါဠိနှင့် ဂါထာစီကုံးနည်းများအပြင် ကဗျာ၊ လင်္ကာ၊ တေးထပ်တို့ကို တတ်ကျွမ်းတော်မူသည်။
ရှင်ဇနကာဘိဝံသသည် သရိုင်ရွာ ပင်းကျောင်းဆရာတော်ထံတွင် စတင်၍ ပညာဆည်းပူးရာ တစ်နှစ်ခွဲအတွင်း အခြေခံသင်ရိုး ကောင်းစွာပေါက်မြောက်သည်။ ထို့နောက် ၁၂ doctor ခု၊ အသက် ၁၂ နှစ်အရွယ်တွင် မန္တလေးမြို့ အနောက်ပြင် ဝိသုဒ္ဓါရုံ ဆီးပင်ကျောင်းတိုက်၌ (မြောင်းမြဆရာတော် ဖြစ်လာမည့်) စာချဘုန်းတော်ကြီး ရှင်ဉာဏာဘိဝံသထံတွင် ဆက်လက်ပညာသင်သည်။
အသက် ၁၅ နှစ်သားတွင် ပထမငယ်တန်း၊ ၁၆ နှစ်သားတွင် ပထမလတ်တန်းကို အောင်မြင်ပြီး၊ ၁၂၇၈ ခုတွင် ရှင်ဉာဏာဘိဝံသသို့ ဥပဇ္ဈာယ်ပြု၍ သာမဏေဘောင်သို့ ဝင်ရောက်သည်။ ဘွဲ့မှာ ရှင်ဇနက ဖြစ်သည်။ ၁၂check ခု၊ အသက် ၁၈ နှစ်တွင် ပထမကြီးတန်း အောင်မြင်သည်။ ထို့နောက် ၁၂၈၀ ပြည့် တပေါင်းလပြည့်တွင် ပုလိပ်မြို့ ဧကျောင်း ခဏ္ဍသိမ်တော်၌ စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်သည်။ ရဟန်းဘဝတွင် ၁၂၈၁ ခု၊ နယုန်လပြည့်နေ့၌ တစ်ကြိမ်၊ တပေါင်းလပြည့်နေ့၌ တစ်ကြိမ် သိက္ခာထပ်သည်။
ပထမကြီးတန်း အောင်ပြီးနောက် ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်တွင် ပညာဆက်လက်ဆည်းပူးပြန်သည်။ စာဝါတက်ခိုက် ရဟန်း ၃ ဝါအရတွင် ပညာထက်မြက်ထူးချွန်မှုကြောင့် ဂဏဝါစက စာချအဖြစ် ချီးမြှောက်ခံရပြီး စာဝါချပေးရသည်။ ပခုက္ကူတွင် ၄ ဝါ စာချပြီးနောက် မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက်သို့ ပြန်ကြွသည်။ ၁၂၈၇ ခုနှစ်တွင် ပထမကျော်တန်း အောင်မြင်၍ ၁၂၈၉ ခုတွင် ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့ ရသည်။
၁၂၈၇ ခုနှစ်၊ သက်တော် ၂၆ နှစ် ဝါတော် ခြောက်ဝါတွင် ပထမကျော်အောင်မြင်သည်။ ၁၂၈၉ ခုနှစ် သက်တော် ၂၈ နှစ်တွင် စာသင်တန်း၊ စာချတန်းများ အောင်မြင်ပြီး ဘဒ္ဒန္တ ဇနကာဘိဝံသ ပရိယတ္တိသာသနာ့ဟိတ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ရရှိတော်မူသည်။ ဆရာတော်သည် စာပေကျမ်းဂန္ဓာများ ပို့ချရင်း ကျမ်းစာများကို ရေးသားပြုစုခဲ့သည်။
ကျမ်းစာများ ပြပြုစုခြင်း
ထို့နောက် အဘယာရာမဆရာတော်က ခေါ်ယူသည့်အတွက် မန္တလေးအနောက်ပြင် အဘယာရာမ ရွှေဂူတိုက်သစ်သို့ ပြောင်းရွှေ့ပြီး စာဝါများ ပို့ချပေးရသည်။ ရှင်ဇနကာဘိဝံသသည် ရဟန်း ၁၀ ဝါအရတွင် မိမိ၏ မွေးနေ့ဖြစ်သော ၁၂၉၀ ပြည့်နှစ်၊ တပို့တွဲလကွယ်နေ့၌ 'သြင်္ဂဟဘာသာဋီကာ' ကို စတင်ပြုစုသည်။ သြင်္ဂဟဘာသာဋီကာကို အချောကိုင်နေစဉ်၊ ဖခင်ဒကာကြီးနှင့် အဘယာရာမဒကာကြီးတို့ တောင်းပန်သည့်အတွက် 'ရတနာ့ဂုဏ်ရည်' ကို ပြုစုပြီး ၁၂၉၃ ခုတွင် ထုတ်ဝေသည်။ ရှင်ဇနကာဘိဝံသ၏ ပထမဆုံး ပုံနှိပ်ထုတ်ဝေသော ကျမ်းစာဖြစ်သည်။
ထို့နောက် အခြေပြုသြင်္ဂဟ၊ အခြေပြုသဒ္ဒါ၊ ကိုယ်ကျင့်အဘိဓမ္မာ စသည်ဖြင့် ကျမ်းများ ဆက်ကာဆက်ကာ ပြုစုသည်။ (သြင်္ဂဟဘာသာဋီကာကို စတင်ရေးသားချိန်မှ ပြီးစီးချိန်ထိ ၈ နှစ် အချိန်ယူပြုစုခဲ့ရသည်။) အဘယာရာမကျောင်းတိုက်တွင် ၁၂ နှစ်ကျော် သီတင်းသုံးစဉ် စာချခြင်း၊ စာရေးခြင်း၊ တရားဟောခြင်း၊ ကျောင်းအုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခြင်းဟူသော တာဝန်များ ယူရသည်။
မဟာဂန္ဓာရုံစာသင်တိုက် စည်ပင်လာခြင်း
၁၃၀၃ ခု၊ ဝါဆိုလ (၁၉၄၁ ခု၊ ဇူလိုင်လ) တွင် တောင်မြို့သို့ ပြောင်းရွှေ့၍ မဟာဂန္ဓာရုံ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် သီတင်းသုံးသည်။ ဆရာတော်သည် မဟာဂန္ဓာရုံကျောင်းတိုက်ကို စနစ္တကျ တည်ထောင်ပြီး စာဝါများ ပို့ချပေးခဲ့ရာ ၃၇ နှစ်အတွင်း ကျောင်းတိုက် ၁၀၀ ကျော်၊ သံဃာ ၅၀၀ ကျော်အထိ တိုးပွားလာသည်။ ထိုကာလအတွင်း ကျောင်းနေသံဃာတို့ကို နေ့စဉ် တစ်နေ့လျှင် စာ ၃ ဝါ ပို့ချပေးပြီး စာပေကျမ်းဂန္ဓာများလည်း ဆက်လက်ပြုစုသည်။
၂။ "ဝိနည်းလေးစားဖို့က ဒုတိယ"
၃။ "စာတတ်ဖို့က ဒသမ"
မိမိကိုယ်တိုင် ဝိနည်းတော်နှင့်အညီ ကျင့်သုံးလိုက်နာသော ဆရာတော်သည် ကျောင်းနေသံဃာများကိုလည်း ဝိနည်းတော်နှင့်အညီ တိတိကျကျ ကျင့်သုံးလိုက်နာတတ်အောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သည်။ ရဟန်းတစ်ပါးသည် စိတ်ကောင်းလည်းမရှိ၊ ဝိနည်းတော်ကိုလည်း မလေးစားလျှင် မည်မျှပင် စာပေတတ်မြောက်စေကာမူ သာသနာတော်အကျိုးကို ထမ်းရွက်နိုင်မည်မဟုတ်ဟု ခံယူတော်မူသဖြင့် မဟာဂန္ဓာရုံကျောင်းတိုက်သည် စံပြကျောင်းတိုက်အဖြစ် ထင်ရှားလာခဲ့သည်။
မန္တလေး ပရိယတ္တိသာသနာ့ဟိတအသင်းကြီးအတွက် သာမဏေစာတော်ပြန်ပွဲ စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။ ကျောင်းများတွင် ဗုဒ္ဓဘာသာသင်ခန်းစာများ သင်ကြားပေးရေး အစီအစဉ်အရ (နိုင်ငံတော်အစိုးရက တာဝန်ပေးအပ်သဖြင့်) မူလတန်းများအတွက် 'ဗုဒ္ဓဘာသာလက်စွဲ' သင်ခန်းစာများ ပြုစုခဲ့သည်။ ထို့ပြင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) က ဖွင့်လှစ်မည့် ဗုဒ္ဓဘာသာ အခြေခံသင်တန်းကျောင်းများအတွက်လည်း 'ဗုဒ္ဓဘာသာသင်ခန်းစာများ' အမည်ဖြင့် သူငယ်တန်းမှ ဒသမတန်းအထိ ရေးသားပြုစုပေးခဲ့သည်။
၁၃၁၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရက လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ခံယူရသည်။ ၁၃၁၅ ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ ဆဋ္ဌသံဂီတိ သြဝါဒါစရိယ သံဃနာယက စသည့် တာဝန်ကြီးများကို တင်မြှောက်ခြင်းခံရသည်။ ၁၃၃၃ ခုနှစ်တွင် ပဲခူးမြို့၌ ကျင်းပသော ရွှေကျင်နိကာယ (၁၁) ကြိမ်မြောက် ဂိုဏ်းလုံးကျွတ်အစည်းအဝေးမှ ဒုတိယသာသနာပိုင် (ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ) အဖြစ် တင်မြှောက်ခြင်း ခံရသည်။
ဆရာတော်သည် ကျမ်းပေါင်း ၆၃ ကျမ်း ရေးသားပြုစုခဲ့ရာ သြင်္ဂဟဘာသာဋီကာ၊ ရူပသိဒ္ဓိဘာသာဋီကာ စသည်တို့အပြင် ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဘာသာသွေး၊ အနာဂတ်သာသနာ၊ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စသည့်ကျမ်းများ ထင်ရှားသည်။ ပျံလွန်တော်မူခါနီး ၁၃ ရက်အလိုအထိ မိမိ၏ ထေရုပ္ပတ္တိကို 'တစ်ဘဝသံသရာ' အမည်ဖြင့် ရေးသားပြုစုခဲ့သည်။
⏳ ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
သာသနာ့ဝန်ကို ဘဝတာတစ်လျှောက်လုံး အားသွန်ထမ်းရွက်ခဲ့သော ဆရာတော် အရှင်ဇနကာဘိဝံသသည် သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါအရောက် ၁၃၃၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် (၂၇၊ ၁၁၊ ၁၉၇၇) အင်္ဂါနေ့ ညနေ ၄:၃၀ နာရီတွင် တစ်ဘဝအတွက် ငြိမ်းတော်မူခဲ့သည်။
ဆရာတော်ကြီး ပျံလွန်တော်မူခြင်းသည် "ခက်မငါးဖြာ ရှိသော သာသနာ့သစ်ပင်ကြီးမှ ပင်စည်ခွဆုံရင်းရှိ အရေးပါသော အကိုင်းကြီးတစ်ကိုင်း ပဲ့ထွက်ကျိုးကျသွားဘိသကဲ့သို့" ဟု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်ကြီးက နှမြောတသ မိန့်ကြားတော်မူခဲ့သည်။
No comments:
Post a Comment